"ဖရဲသီး ကျောက်ကျော"တဲ့
လုပ်ရတာလွယ်ကူပြီး စားချင်စရာလေးမလို့
ကူးယူဖော်ပြပေးလိုက်ပါတယ်။
~~နွေရာသီနဲ့ သင့်တော်တဲ့ဟာလေးတမျိုး ပြမယ်နော်.. တချို့တွေ လုပ်ဖူးကြလိမ့်မယ်.. အမက အနောက်တိုင်းနည်းနဲ့ ပြမှာမို့ နည်းနည်းလေး လွဲလိမ့်မယ်.. ကြိုပြောထားမယ်.. လာမငြင်းကြပါနဲ့.. ကိုယ်ကြိုက်တဲ့ recipe သုံးပါ..
အနောက်တိုင်းက summer beach party တွေမှာ ပါလေ့ရှိတဲ့ jello shot ပါ .. သူတို့က ဗော့ကာအရက် ထည့်လုပ်လေ့ရှိတယ်.. အမကတော့ မထည့်ပဲ လုပ်ပြပါမယ်.. စမ်းကြည့်ချင်သူများ ဗော့ကာ တခွက်ထည့်လို့ ရပါတယ်..
ဖရဲသီး အလတ်စားတလုံးကို အတွင်းက အသားများ ခပ်ထုတ်ပါ.. ဖရဲသီးတုံးတွေကို ဖရဲရည်ဖြစ်အောင် လုပ်ပါမယ်.. blender နဲ့ မွှေပြီး အရည်စစ်ရင်လည်း ရပါတယ်.. ခြေပြီး ဇကာတိုက်ရင်လည်း ရပါတယ်..
ဖရဲရည် ဖန်ခွက် ခြောက်ခွက်လောက် ထွက်မယ်ထင်ပါတယ်..
ဖရဲရည်ရရင် ကျောက်ကျောမှုန့်နဲ့ ကျိုပါမယ်..
ကိုယ်သုံးတဲ့ ကျောက်ကျောတံဆိပ်က ရေအချိုးအစားကို ကြည့်ပြီး ကိုယ်ရထားတဲ့ ဖရဲရည်နဲ့လောက်အောင် ဘယ်လောက်ထည့်ရမလဲ ချိန်ထည့်ပါ.. ရေတခွက်လောက် ထပ်ရောချင်လည်း ရပါတယ်..
အမက Jello နှစ်ဗူးနဲ့ ကျောက်ကျော တဗူးထည့်ပါတယ်..
ပြီးရင် သံပုရာသီး တလုံး ညှစ်ထည့်ပါ.. အချဉ်ကြိုက်သူများ ပိုထည့်လို့ ရပါတယ်..
သကြား နှစ်ခွက် သို့မဟုတ် ကြိုက်သလောက် မြည်းထည့်ပါ.. အမကတော့ သကြားနည်းနည်းပဲ ထည့်ပါတယ်..
သေချာမြည်းပြီး ကိုယ်ကြိုက်တဲ့ အချို အချဉ် အရသာပြင်ပါ...
ပြီးရင် ဆူအောင်ကျိုပြီး ဖရဲခွံထဲ လောင်းထည့် အအေးခံပါ..
ဖရဲသီးခွံတွေကို မလှုပ်အောင် ဘေးက သတင်းစာခေါက်နဲ့ ခုပေးပါ..
နှစ်နာရီ သုံးနာရီ လောက်ထားရင် ခဲပါပြီ..
ခဲရင် အစိတ်လေးတွေ လှီးပြီး ရေခဲသေတ္တာထဲ အအေးခံစားပါ..
ကျောက်ကျောထဲ ဂျယ်လီမှုန့်ရောထည့်ရင် တုန်တုန်လေးနဲ့ ပိုစားကောင်းပါတယ်.. အမက ဂျယ်လီ နှစ်ဗူး ကျောက်ကျော တဗူး ရောထည့်ပါတယ်.. ဂျယ်လီ မရှိရင် ကျောက်ကျောမှုန့်ပဲ သုံးပါ.. အချိုလျှော့ပြီး နည်းနည်းလေးချဉ်ရင် ပိုအရသာရှိပါတယ် ..
တချို့က အလှဆင်ဘို့ ဖရဲစေ့တွေထည့်ကြတယ်.. ကြိုက်ရင် ထည့်ပါ.. ဖယ်တော့ စားရလိမ့်မယ်..
အထဲမှာ ဖရဲသီးတုံးလေးတွေ ထည့်ပြီးမှ ကျောက်ကျောရည် လောင်းထည့်လည်း ရပါတယ်..~~

Food Madnes
No comments:
Post a Comment