အာပူလျှာပူ ရခိုင်မုံ့တီ


အာပူလျှာပူ ရခိုင်မုံ့တီ ချက်နည်းလေး

အာပူ ဟင်းရည်

ငါးကို သန့်စင်ပြီး ဆားဆနွင်းနဲ့ ရေနဲနဲ ထည့် ပြုပ်ပါတယ် ။ ကျက်တော့ အသားသင်ပြီး တစ်ဝတ် ကို ဂျင်းကြက်သွန်ဖြူ နဲ့ ရေခြောက်အောင် လှော်ပြီး အရိုးပြုပ်ရည် အိုးထဲ ထည့် 
ဆူအောင် တည်ပြီး ပုဇွန်ငပိ ကို ရေဖျော်ပြီး အရေကြည် လေး စစ် ထည့်ပါ ။

ငရုတ်သီးစိမ်း လိုသလောက် ထောင်း ထည့်ပါ ။ အချိုငံ မြည်းပြီး ငရုတ်ကောင်း ပတဲကော ထည့် လိုက်ရင် အာပူ ဟင်းရည် ရပါပြီး ။

မုန့်တီသုပ် တွက် ငါးဆီသက်

ငါးဖယ်ကြော်ပါ
ကြက်သွန်ဖြူ ဆီသက်ထားပါ
ကျန်ဆီ အနဲငယ် နဲ့ ငါးအသား တစ်ဝတ်ကို ဂျင်းကြက်သွန်ဖြူ ဆီသက်ပါ #ပုဇွန်ငပိ အနဲငယ် ထည့်ပါ ကျက်တော့
#ငါးသင်ထားတာ ထည့်ပါ။

#ပုဇွန်ငံပြာရည် အချိုမှုန့် ထည့်ပါ #ငရုတ်သီးစိမ်း လိုသလောက် ထောင်းထည့်ပါ
#ရေအနဲငယ် ထည့် ပြီး ကြော်ပါ ဒါဆို အသုပ်အတွက် ငါးဟင်း ကျက်ပါပြီးး။

#မုန့်တီသုပ်

မုန့်ဖက် ထည့်ပြီး
ငါး ဆီသက်
ကြက်သွန်ဖြူ ဆီချက်
ပုဇွန်ငံပြာရည်
အချိုမှုန့်
ပဲသီး ကြိုက်ရင်ထည့်ပါ
ဗမာနံနံ
သံပုရာသီး ထည့်
သုးံဆောင် နိုင်ပါသည် ။

#ငါးဖယ်နဲ့ပဲသီးသုပ်

ငါးဖယ်ကြော် လိုသလို ညှက်ပြီး ပဲသီးရယ် ကြက်သွန်ဖြူ ကြော်ထဲ ငပိထည့် ဆီသက် ထားတာ ရယ် ပုဇွန်ငံပြာရည် အချိုမှုန့် သံပုရာသီး ဗမာနံနံ ထည့် အချိုငံမြည်း သုးံဆောင်နိုင်ပါသည် ။

(အိမ်ချက်တဲ့နည်းလေးပါ အကြိုက်တူက ချက်ရန် နည်းလေး ရေးထားပါသည် ရခိုင်မလေး တွေတော့ မှီဘူးပေါ့ နော်)



No comments:

Post a Comment