ငါးထမင်းချဉ်


ပါဝင်ပစ္စည်း
ဆန် ၁ လုံး
နှစ်သက်ရာ ငါး ၂၅ ကျပ်သား
ခရမ်းချဉ်​သီးမှည့် ၁ လုံး
ပဲပုပ်ချပ် ၁ ချပ် ကြိုက်လျှင်ထည့်ပါ
ကြက်သွန်နီ ၁ ဥ
ကြက်သွန်ဖြူ ၄ မွှာ
ဆား ကြက်သားမှုန့် ငံပြာရည် နနွင်း အနည်းငယ်

ပြင်ဆင်နည်း

ဆန်ကို ခပ်စေးစေးချက်ထားပါ
ငါးကို ရေဆေးပြီး ဆား ၊ နနွင်း နှင့် ရေနည်းနည်းထည့်ပြုတ်ပါ
နူးရင် အအေးခံပြီး အရိုးနွင် ထားပါ
ခရမ်းချဉ်သီးမှည့်ကို လည်းပြုတ်၍ အိလာလျှင်ဆယ်ပြီး နုတ်နုတ်စင်းထားပါ
ကြက်သွန်ဖြူကို အရင် ဆီသတ်ပါ
ကြွပ်လာလျှင် အဖတ်ဆယ်ပြီ ကြက်သွန်နီ ဆက်ကြော်ပါ
ကြက်သွန်နီ ကြွပ်ခါနီးလျှင် အရိုးနွှင်ထားသောငါး ကိုထည့်ပြီး လုံးပေးပါ
ကြက်သွန်များအားလုံး ကြေသွားလျှင် မီးပိတ်အအေးခံထားပါ
ထမင်းနှယ်ရန်
ထမင်းကို ဇလုံ ခပ်ကျယ်ကျယ်တွင်ထည့်ပါ
ငါး အနှစ်၊ ခရမ်းချဉ်​သီးအနှစ် ဆားနှင့် ကြက်သားမှုန့်ကို ရော၍ နှယ်ပါ
ပဲပုပ်ကြိုက်သူများကတော့ ပဲပုပ်ချပ်ကို မီးကင်ပြီး အမှုန့်ထည့်နိုင်သည်။
ခပ်နာနာလေးနှယ်ပြီ စီးစီးပိုင်ပိုင်ဖြစ်လာလျှင် လိုသလို အလုံးလေးများလုံး၍ ကြက်သွန်ဖြူ ကြော် တင်ကာစားသောက်နိုင်ပြီ
ဝက်အူခြောင်းကြော်၊ ပဲပုပ်ကြော်၊ ဂျူးမြစ် စသည်ဖြင့် အလွန်လိုက်ဖက်သည်။

Knowledge Corner



No comments:

Post a Comment