ထောပတ်သီး တူနာငါး ထမင်းလုံးနှင့် ချီစ်အသားလုံးကြော်


ပါဝင်ပစ္စည်းများ

(ထောပတ်သီး ထမင်းလုံး)
ထောပတ်သီး - တစ်ခြမ်း (အသားများခြစ်ယူထားပါ)
နွားနို့ - ၁ ဇွန်း (စားပွဲဇွန်း)
ခရင် - ၁ ဇွန်း (စားပွဲဇွန်း)
ပင်လယ်ရေစိမ် တူနာ ငါးဗူး - တစ်ဝက် ဗူး (အရေစစ်ပြီး ငါးအသားကို ဗူးတစ်ဝက်လောက် ယူထားပါ)
ရေညှိ - ၁ ချပ် အသေး (ကင်ပြီးသား၊ ထမင်းလုံး ပုံဖော်ရန်)
ထမင်း - ၁ ခွက် / Cook rice - 1 cup
(အသားလုံး နယ်နှပ်ထားရန် ပါဝင်ပစ္စည်း )
ကြက်ကြိတ်သား - ၅-၇ ကျပ်သား
ဝက်ကြိတ်သား - ၁၀ ကျပ်သား
လတ်ဆတ်ပေါင်မုန်ညိုမှုန့် - ၁ ခြပ် (ကိုယ်ဖာသာ အမှုန့်လုပ်ပါ)
သံလွင်ဆီ - ၃ စက်
ဆား - ၁/၂ ဇွန်း (လက်ဖက်ဇွန်း)
အသီးအရွက်ဆီ အသားလုံးကြော်ရန် - လိုသလောက်
(ထမင်းဘူးထဲ တစ်ခြားပါဝင်ပစ္စည်းများ)
ဖရဲသီး - ၁ စိတ် (ကြယ်ပုံ၊ အသဲပုံလေးတွေ လှီးထားပါ)
ပန်းသီးစိမ်း - ၁ ခြမ်း (ခတ်ပါးပါး အသဲပုံလေး လှီးထားပါ)
ငုံးဥ - ၂ လုံး (ပြုတ်ပြီး အခွံခွာထားပါ)
ချယ်ရီ ခရမ်းချဉ်သီး - ၄ လုံး

( ပြုလုပ်နည်း - ထောပတ်သီး ထမင်းလုံး)

ကြိတ်စက်ထဲ ထမင်း ၊ ငါး ၊ ရေညှိက လွဲလို့ အားလုံး ကျေညက် ချောမွေ့တဲ့အထိ မွှေပါ ။
ဖန်ဇလုံ အကြီးကြီးထဲ ထမင်း ၊ တူနာငါး နှင့် ထောပတ်သီး အနှစ်များ ထည့်ပြီး သေချာ အရသာ နှံ့အောင် လက်ဖြင့် သေချာနယ် နှပ်ပါ ။ In a big glass bowl add rice, tuna, and avocado paste and mix well.
လက်သီးဆုပ်အရွယ် ၂ လုံး ညီညာလုံးပါ ။ ရေညှိဖတ်လေးကို မျက်လုံးအ၀ိုင်းလေးတွေ ညှပ်ပါ ။ နှုတ်ခမ်းပုံ ညှပ်ပါ ။ ယောက်ကျားလေး ဆံပင်ပုံ ၊ မိန်းခလေး ဆံပင်ပုံလေးတွေ ညှပ်ပြီး ထမင်းလုံးမှာ ကပ်ပြီး ပုံဖော်ပါ။
(ပြုလုပ်နည်း - အသားလုံးချက်နည်း)
ဇလုံအကြီးထဲ ချိစ် နှင့် ဆီက လွဲလို့ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး လက်ဖြင့်သေချာနယ်ပါ ။
ဆီအိုး အပူပေးထားပါ ။ အသားလုံးများ ဂေါက်ဘော အရွယ်လောက် လုံးပါ ။ မကပ်သော ဗန်းထဲမှာ တင်ထားပါ ။ ဆီပူလာလျင် ထည့်ကြော်ပါ ။ ရွှေရောင်သန်းလာလျင် ဆီစစ် စက္ကူပေါ် တင်ပြီး ဆီစစ်ပြီးထားပါ ။
အာဗင်ကို အပူချိန် ၂၀၀ ဒီကရီ ပေးထားပါ ။
အကင်ဗန်းထဲ ဆီသုပ်ပါ ။ ဗန်းထဲ အသားလုံးလေးများ စီထဲ့ပြီး ၈-၁၀ မိနစ်လောက် ကင်ပါ ။ အသားလုံးများကို ၂ မိနစ် တခါ လှည့်ပေးပါ ။ အရောင်ညီသွား အပြင်သား ကျွတ်ရွလာလျင် ရပါပြီ ။
(ပြုလုပ်နည်း - ထမင်းဘူးထဲ တစ်ခြားပါဝင်ပစ္စည်းများ)
ဖရဲသီးကို အသဲပုံ၊ ကြယ်ပုံလေးတွေ လှီးထားပါ ။
ပန်းသီးစိမ်းကို အသဲပုံလေးတွေ လှီးထားပါ ။ ချိစ်ပြားကိုလဲ ဆတူ အသဲပုံစံ လှီးထားပါ ။ ပန်းသီး နှင့် ချီစ် အတူ ဒုတ်လေးနှင့် ထိုးထားပါ ။
ငုံးဥ နှင့် ချယ်ရီခရမ်းသီး ကို ဒုတ်လေးဖြင့် ထိုးထားပါ ။
(ထမင်းဘူးထည့်နည်း )
ထမင်းဘူး အနေအထား အတိုင်း ကိုယ့်ခလေး နှစ်သက် သလို ထည့်ပေးနိုင်ပါတယ် ။

Knowledge Corner


No comments:

Post a Comment