မြန်မာ - ကိုရီးယား Bacon Rice Burger


ထမင်းစားကျသော အာရှနိုင်ငံတွေ အတော်များများ မှာ ထမင်း ဘာဂါဆိုပြီး ဘာဂါဆိုင်တွေမှာ မှာယူ စားသုံးလို့ ရပါတယ် ။ အိမ်မှာ စိတ်တိုင်းကျ လွယ်ကူ လျှင်မြန်ပြီး အချိန်လဲ သိပ်မပေးရပဲ အရသာရှိရှိ မြန်မာ့ အရသာနဲ့ ကိုးရီးယား အရသာ နှစ်မျိုး ကို ပေါင်းပြီး မစည် တီထွင် ထားတာလေး လုပ်စား ကြည့်လိုက်နော် ။ ပိတ်ရက်မှာ ဒေါ်တွေ တူတူမ ပေါင်းအသင်း တွေကို လုပ်ကျွေးလိုက်တာ အားပေးမှုများတာကြောင့် လုပ်စားလို့ ရအောင် ဖော်ပြလိုက်ပါတယ် ။
ပါဝင်ပစ္စည်း (ဘာဂါ၂ လုံးစာ)

ဝက်သားပြား (Bacon) - ၂၀၀ ဂရမ် ( ကြော်ထားပါ)
Mayonnaise - ၂ ဇွန်း (လက်ဖက်ဇွန်း)
ဆလတ်ရွက် - ၄ ရွက် (ရေဆေးပြီး ရေစစ်ထားပါ)
ကြက်သွန်နီ - ၁ လုံး (အကွင်းလိုက်ပါးပါး လေးလှီးထားပါ)
ချယ်ရီ ခရမ်းချဉ်သီး - ၄ လုံး (ကြော်ထားပါ)
အုပ်စု (က) ထမင်းနယ်ရန် ထန်းလျက်ရည် - ၂ ဇွန်း (စားပွဲဇွန်း)
ချက်ပြီးသား ထမင်း - ၁ခွက် (ဟင်းချက်ရန် တိုင်းသောခွက်)
ငရုတ်ကောင်းအနက်မှုန့် - အနည်းငယ်
ကြက်သားမှုန့် - ၁ ဇွန်း (လက်ဖက်ဇွန်း / မထည့်လဲရပါတယ်)
ပန်းသီး ရှာလာကာရှည် - ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း /ငရုတ်နှစ်နဲ့ ရောကြိုထားပါ)
ကိုးရီးယားငရုတ်နှစ် - ၁ ဇွန်း (လက်ဖက်ဇွန်း / ရှာလာကာနှင့် ရောကြိုထားပါ)
နှမ်းဆီ - ၁ ဇွန်း (စားပွဲဇွန်း)
ကိုးရီးယား ငံပြာရည် - အနည်းငယ်

ပြုလုပ်နည်း

အုပ်စု (က) မှ ပစ္စည်းများ အားလုံးကို ဇလုံထဲ ထည့်ပြီး နှံအောင်နယ်ပေးပါ ။
မကပ်သော ဒယ်အိုးကို အပူပေးပါ ။ အိုးပူလာလျှင် ၀က်သားပြားများ ထည့်ကြော်ပါ ။ ၀က်သားပြားမှ ဆီများ ထွက်လာလျှင် ခရမ်းချဉ်သီးလေးတွေ အလုံးလိုက် ထည့်ပြီးကြော်ပါ ။ ၀က်သားပြားများကို ကိုယ့်စိတ်တိုင်းကျ ကျက်ယုံ (သို့) အကျွတ် ကြိုက်သလို ကြော်နိုင်ပါတယ် ။ ခရမ်းချဉ်သီးလုံးလေးများကိုအခွံပျော့ယုံ ကြော်ပါ ။
ပန်းကန်ပြားပေါ်မှာ နယ်ထားသော ထမင်းကို ပုံစံခွက်အ၀ိုင်းလေးနဲ့ ပုံစံချပါ ။ မယ်ယိုနစ်သုပ်ပါ ။ ဆလတ်ရွက်တင်ပါ ။ ၀က်သားပြား ထပ်တင်ပါ ။ ထမင်းတင်ပါ ။ ဆလတ်ရွက် ၊ ခရမ်းချဉ်သီး နှင့် ကြက်သွန်နီ တို့ဖြင့် အလှဆင်ပါ ။ လတ်ဆတ် သော ငရုတ်ကောင်းမှုန့် လက်ကြိတ်စက်လေးဖြင့် ကြိတ်ဖြူးပါ ။ ထမင်း နှင့် ၀က်သားပြားကို နွေးနွေးလေး စားသုံးပါ ။

Knowledge Corner



No comments:

Post a Comment