ပုစွန်သရက်သီးဟင်း






















ပူအိုက်တဲ့ရာသီမှာ ပုစွန်နဲ့သရက်သီးရောချက်ထားတဲ့ ဟင်းက ထမင်းစားမိန်စေပါတယ်။

ကြက်သွန်နီ ငရုတ်သီးအကြမ်းမှုန့်နဲ့ ဆီသတ်ပြီး ပုစွန် ဓါးပေါက်ထားတဲ့ သရက်သီးအစိမ်းကို ရောချက်လိုက်တာပါပဲ။ 

သရက်သီးကို ဓါးပေါက်ပြီးရင် ချဉ် မချဉ် အရင်မြည်းကြည့်ပြီးမှ ငပိကို ချင့်ချိန်ထည့်နယ်ပါတယ်။ ပြီးရင် ဆား အရသာမှုန့်ထည့်ပြီး ၁၅ မိနစ်ချက်လိုက်ပါတယ်။ သရက်သီးနူးရင် မီးပိတ်လိုက်ပါ။
နံနံပင် ရှမ်းနံနံထည့်ချင်လဲရပါတယ်။ ဒီနေ့တော့ ရှမ်းနံနံထည့်ချက်ထားပါတယ်။

ရွာမှာတော့ မိုးမျှော်ငရုတ်သီးနဲ့လဲချက်ပါတယ်။ ငါးနဲ့ သရက်သီးနဲ့လဲချက်ပါတယ်။ ပူတဲ့ရာသီတွေမှာ ချက်စားတာများပါတယ်။


မွန်မ လက်ရာ စားစရာ

No comments:

Post a Comment