ငါးပြုပ်ချဉ်စပ် (ငါးပြုပ်လက်သုပ် လို့လဲခေါ်ပါတယ်)






















ကကတစ် ဒါမှမဟုတ် ငါးမွှေထိုး နဲ့ပဲ လုပ်စားဖြစ်ပါတယ်။
အခုပုံထဲမှာတော့ ကကတစ်လိုငါးမျိုးတစ်တုံးကိုပြုပ်ပြီး လုပ်ထားပါတယ်။
ကကတစ် တကောင် အနေတော်အတုံးတုံး / ငါးမွှေထိုး အကောင်လိုက်ကို ရေဆေး သန့်စင်ပြီးတော့ ဆား ဆနွှင်း အသားမှုန့်တွေနဲ့ နယ်ထားပါတယ်။

အိုးထဲကို နယ်ထားတဲ့ငါးထည့် ထုထားတဲ့ စပါးလင် တပင်ကိုအိုးထဲထည့် ပြီးတော့ ရေ လိုသလောက်ထည့်ပါ။
၁၅ မိနစ်လောက်ဆိုရင် ငါးကျက်ပါပြီ။ ဟင်းရည်အရသာကို ပုံမှန်စားနေကျထက် အငံလျော့ထားပါ။ ငါးဟင်းရည်ကျက်ပြီဆိုရင် မီးပိတ်လိုက်ပါ။

အသုပ်လုပ်ဖို့ရာ ပါဝင်ပစ္စည်းတွေကတော့ -
ကြက်သွန်နီတလုံး ပါးပါးလှီးထားပါ။ စိမ်းစားငပိအနည်းငယ် (မီးဖုတ်ချင်လဲရပါတယ်)၊ ကြက်သွန်ဖြူ ၂ တက်၊ ငရုတ်ကောင်း ၃ စေ့၊ ငရုတ်သီးစိမ်းအနီတောင့် ၂ တောင့် (ငရုတ်သီး အကျက်မှုန့်လဲ ထည့်စားပါတယ်) မရမ်းပြား ၃ ပြား တို့ကို ရောပြီးထောင်းထားပါ။
နံနံပင်/ ရှမ်းနံနံ လှီးထားပါ။

စားခါနီးကျမှ ငါးဟင်းရည်အိုး အေးနေရင် ခဏအပူပြန်ပေးပြီး မီးပြန်ပိတ်လိုက်ပါ။

အပေါ်က ပြင်ဆင်ထားတဲ့ အဆာပလာတွေအကုန်လုံး ရောထည့်လိုက်ပြီး ဖြေးဖြေး မွှေပေးပါ။ အပေါ့အငံမြည်းပြီးရင် ချက်ချင်းသုံးဆောင်နိုင်ပါပြီ။
ချဉ်ငံစပ် အရသာနဲ့ လုပ်ရတာ လွယ်ကူတယ် အချိန်ကုန်သက်သာပြီး စားလို့ ကောင်းတဲ့ ဟင်းတခွက်ပါ။



မွန်မ လက်ရာ စားစရာ

No comments:

Post a Comment