သင်္ကြန်ထမင်းကို မွန်ပြည်နယ် တွေမှာ မတ်လ နဲ့ ဧပြီလ အရမ်းပူတဲ့အချိန်မှာ ထမင်းလဲ စားလို့မမိန်တဲ့ အတွက် ရင်အေးပြီး ထမင်းမြိန်စေတဲ့ သင်္ကြန်ထမင်းကို ချက်စားတတ်ကြပါတယ်။
အဓိက သင်္ကြန်ကြော်ကိုတော့ သရက်သီး၊ သစ်တိုသီး၊ မရမ်းသီး ၊ဇမြွန်းသီး နဲ့ တော တွေမှာသာ ရတတ်တဲ့ ကျွှဲချိုရွက်တွေနဲ့ ကြော်စားတတ်ကြပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ သရက်သီးသုံးကြပါတယ်။
ဇမြွန်းသီးနဲ့ ကျွှဲချိုရွက်ရောကြော်ထားတဲ့ သင်္ကြန်ကြော်ကိုတော့ သင်္ကြန်တွင်း ဘုန်းကြီးကျောင်းမှာပဲ စားဖူးပါတယ်။ အဲ့ဒီအရွက်ကို တောမှာ သွားခူးရသလို ဈေးထဲမှာလဲ ရောင်းတာ သိပ်မတွေ့ရတာမို့ အိမ်မှာတော့ မကြော်စားဖြစ်ပါဘူး။
ဒါကတော့ မုဒုံနယ်ဘက်မှာချက်တဲ့နည်းပါ။
သင်္ကြန်ကြော် ကြော်ပါမယ်။
၁) သရက်သီး အစိမ်း ၂ လုံး (ချဉ်ရပါမယ်) နဲနဲကြီးတဲ့ အခြစ်နဲ့ခြစ်ပေးပါ။ ပြီးရင် အရည်တွေ ညှစ်လိုက်ပါ။ အချဉ်လျော့ ချင်ရင်တော့ ရေဆေးပြီး အရည်ညှစ်ထုတ်လိုက်ပါ။
၂) ကြက်သွန်နီ အနေတော်အလုံး ၅ လုံး ကို လေးခြမ်းစိတ်ပြီး အလွှာလေးတွေ ခွာထားပါ။
၃) ပုစွန်ခြောက် အမှုန် ၅ ကျပ်သား ခန့် (ငါးရံ့ခြောက် ငါးကွန်းရှပ်ခြောက် တို့နဲ့လဲ ပြုတ်ပြီး အရိုးနွှင်ကာ ပုစွန်ခြောက် အစား သုံးလို့ရပါတယ်)
၎) ငရုတ်သီးတောင့် ၅ တောင့်
ပထမဆုံး ခြစ်ထားတဲ့ သရက်သီးကို ကြက်သားမှုန့် ပုစွန်ခြောက်မှုန့် ဆား အနည်းငယ် ငပိ တဇွန်း လောက်နဲ့ ရောနယ်ပေးပါ။
ဆီ ပူထဲ့ကို ငရုတ်သီးတောင့် ၅ တောင့်ကို ကြော်ပြီး ဆယ်ထားလိုက်ပါ။
ပြီးတော့ ဆနွှင်းမှုန့် ကြက်သွန်နီ တွေကို ဆီသတ်ပြီး နယ်ထားတဲ့ သရက်သီးကို ထည့်ကြော်လိုက်ပါ။ အဖုံးခဏပိတ်ပြီး မကြာမကြာ မွှေပေးပါ။ ကြက်သွန်နီနဲ့သရက်သီးတွေ ကျက်ပြီဆို အပေါ့အငံမြည်းပြီး မီးပိတ်လိုက်ပါ။
သင်္ကြန်ထမင်းကတော့ ထမင်းကို ရေများများနဲ့တည်ပြီး ထမင်းလုံးတွေ ပြဲလာရင် ရေစင်အောင်ဆေးပြီး ဇကာနဲ့စစ်ထားပါ။ (အအေးကြိုက်ရင်တော့ ထမင်းပေါ်မှာ ရေခဲတုံးတင်ထားပါ)
ဖယောင်းမွှေးရေကတော့ ဒန်အိုးတလုံးထဲကို ဖယောင်းတိုင်အတိုတချောင်း ခဏလောက် ထွန်းပြီး မီးငြိမ်းလိုက်တာနဲ့ ရေထဲ့ပြီး အဖုံးပိတ်လိုက်ပါ။ ဖယောင်းနံ့ သင်းတဲ့ရေ ရပါမယ်။ ဒါကတော့ အိမ်မှာ အလွယ်လုပ်တဲ့နည်းပါ။
အဓိက သင်္ကြန်ကြော်ကိုတော့ သရက်သီး၊ သစ်တိုသီး၊ မရမ်းသီး ၊ဇမြွန်းသီး နဲ့ တော တွေမှာသာ ရတတ်တဲ့ ကျွှဲချိုရွက်တွေနဲ့ ကြော်စားတတ်ကြပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ သရက်သီးသုံးကြပါတယ်။
ဇမြွန်းသီးနဲ့ ကျွှဲချိုရွက်ရောကြော်ထားတဲ့
ဒါကတော့ မုဒုံနယ်ဘက်မှာချက်တဲ့နည်းပ
သင်္ကြန်ကြော် ကြော်ပါမယ်။
၁) သရက်သီး အစိမ်း ၂ လုံး (ချဉ်ရပါမယ်) နဲနဲကြီးတဲ့ အခြစ်နဲ့ခြစ်ပေးပါ။ ပြီးရင် အရည်တွေ ညှစ်လိုက်ပါ။ အချဉ်လျော့ ချင်ရင်တော့ ရေဆေးပြီး အရည်ညှစ်ထုတ်လိုက်ပါ။
၂) ကြက်သွန်နီ အနေတော်အလုံး ၅ လုံး ကို လေးခြမ်းစိတ်ပြီး အလွှာလေးတွေ ခွာထားပါ။
၃) ပုစွန်ခြောက် အမှုန် ၅ ကျပ်သား ခန့် (ငါးရံ့ခြောက် ငါးကွန်းရှပ်ခြောက် တို့နဲ့လဲ ပြုတ်ပြီး အရိုးနွှင်ကာ ပုစွန်ခြောက် အစား သုံးလို့ရပါတယ်)
၎) ငရုတ်သီးတောင့် ၅ တောင့်
ပထမဆုံး ခြစ်ထားတဲ့ သရက်သီးကို ကြက်သားမှုန့် ပုစွန်ခြောက်မှုန့် ဆား အနည်းငယ် ငပိ တဇွန်း လောက်နဲ့ ရောနယ်ပေးပါ။
ဆီ ပူထဲ့ကို ငရုတ်သီးတောင့် ၅ တောင့်ကို ကြော်ပြီး ဆယ်ထားလိုက်ပါ။
ပြီးတော့ ဆနွှင်းမှုန့် ကြက်သွန်နီ တွေကို ဆီသတ်ပြီး နယ်ထားတဲ့ သရက်သီးကို ထည့်ကြော်လိုက်ပါ။ အဖုံးခဏပိတ်ပြီး မကြာမကြာ မွှေပေးပါ။ ကြက်သွန်နီနဲ့သရက်သီးတွေ ကျက်ပြီဆို အပေါ့အငံမြည်းပြီး မီးပိတ်လိုက်ပါ။
သင်္ကြန်ထမင်းကတော့ ထမင်းကို ရေများများနဲ့တည်ပြီး ထမင်းလုံးတွေ ပြဲလာရင် ရေစင်အောင်ဆေးပြီး ဇကာနဲ့စစ်ထားပါ။ (အအေးကြိုက်ရင်တော့ ထမင်းပေါ်မှာ ရေခဲတုံးတင်ထားပါ)
ဖယောင်းမွှေးရေကတော့ ဒန်အိုးတလုံးထဲကို ဖယောင်းတိုင်အတိုတချောင်း ခဏလောက် ထွန်းပြီး မီးငြိမ်းလိုက်တာနဲ့ ရေထဲ့ပြီး အဖုံးပိတ်လိုက်ပါ။ ဖယောင်းနံ့ သင်းတဲ့ရေ ရပါမယ်။ ဒါကတော့ အိမ်မှာ အလွယ်လုပ်တဲ့နည်းပါ။
မွန်မ လက်ရာ စားစရာ
No comments:
Post a Comment