ဒန့်ဒလွန်တောင့်နဲ့ ငါးခူဟင်း






















ပါဝင်ပစ္စည်းများ
၁/ ဒန့်ဒလွန်တောင့် - ၅ တောင့်
၂/ ငါးခူ - ၁ ကောင် (၁၀ သား အရွယ်လောက်ဆိုရင် ရပါတယ်)
၃/ ခရမ်းချဉ်သီး - ၂ လုံး
၎/ ဆီ အနည်းငယ်
၅/ ကြက်သွန်နီတစ်လုံး
၆/ ငရုတ်သီး အစိမ်းမှုန့်
၇/ ဆနွင်းမှုန့် အနည်းငယ်
၈/ ငပိ အနည်းငယ်
၉/ ငံပြာရည်, အရသာမှုန့်
၁၀/ နံနံပင် - ၁ ပင်
၁၁/ မန်ကျည့်မှည့်ရည် 

ငါးခူကို ရေ ၃-၄ခါဆေးပြီး အချွှဲတွေစင်အောင် မရမ်းပြား ၂-၃ ပြားနဲ့ ပွတ်ပြီး ရေဆေးချပါတယ်။ ပြာရှိရင် ပြာနဲ့ အရင်ပွတ်ပြီးမှ ရေစင်အောင်ဆေးပါတယ်။ 
သန့်စင်ထားတဲ့ ငါးခူကို အနေတော် အတုံးတွေလှီးပြီးတော့ ဆား ဆနွင်း နယ်ထားပါ။
ဒန့်ဒလွန်တောင့် အနေတော်ဖြတ်တောက်ပြီး ရေဆေးထားပါ။

ကြက်သွန်နီး တစ်လုံး လှီးပြီး ငရုတ်သီးအစိမ်းမှုန့် ဆနွင်းမှုန့်ထည့်ပြီး ညက်ညက်ထောင်းထားပါ။
ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာရင် ထောင်းထားတဲ့ ငရုတ်သီး နဲ့ ငပိ အနည်းငယ်ထည့်ပြီး ဆီသတ်ပါ။ ပြီးရင် ငါးခူကို ထည့်မွှေပေးပါ။ ၂ မိနစ်လောက်မွှေပြီးမှ ဒန့်ဒလွန်တောင့်ထည့်ပြီး ငံပြာရည် အရသာမှုန့်ထည့်ပြီး ခဏထပ်မွှေပေးပါ။ 

ပြီးမှ ရေလိုသလောက်ထည့်ပြီး ချက်ပါ။ ၁၀ မိနစ်လောက်နေရင် ခရမ်းချဉ်သီး ၂ လုံး လှီးပြီး ထည့်ပါ။ ဒန့်ဒလွန်တောင့် နူးရင် မန်ကျည်းမှည့်ရည် ဟင်းခပ်ယောက်မ တစ်ဇွန်းထည့်ပါ။ အပေါ့အငံမြည်းပြီး နံနံပင်အုပ်လိုက်ပါ။ ဟင်းရည် ဆူလာရင် မီးပိတ်လို့ရပါပြီ။

မွန်မ လက်ရာ စားစရာ

No comments:

Post a Comment