အူချိုကြော်






















အူချိုကြော်

ချက်ရတာ မြန်ဆန်လွယ်ကူတဲ့ ဟင်းတခွက်ပါရှင်။

ပထမဆုံး အူချိုကို ရေဆေးပြီး ရှာလကာရှည်နဲ့ပါ ထပ်ဆေးပါတယ်။ ပြီးရင် ရေစစ်ထားပါ။
ဂျင်း ကြက်သွန်ဖြူထောင်းထားပါ။ 

ရေစစ်ထားတဲ့ အူချိုကို ဂျင်းကြက်သွန်ထောင်းထားတာ နယ်ပေးပါ။ ပဲငံပြာရည်အကြည်၊ အနောက် ၂ မျိုးစလုံး၊ အသားမှုန့်၊ သကြား၊ ဆနွင်းမှုန့် အနည်းငယ် နဲ့ ဆား (ဒါမှမဟုတ်) ငံပြာရည်ထည့်ပြီးနယ်ပေးပါ။ ရေအနည်းငယ်ထည့်ပြီးရင် အဖုံးပိတ်ပြီး ရေခမ်းတဲ့အထိတည်ပေးပါ။ ဆီလုံးဝမထည့်ပါဘူး။ ရေခမ်းရင် အူချိုက ဆီနဲနဲထွက်ပါတယ်။ ပြီးရင် အူချိုကို လိုချင်တဲ့ အရှည် ကပ်ကြေးနဲ့ ညှပ်ပေးပါ။ အိုးမှာ ကပ်ကျန်နေတဲ့ အနှစ်ကိုဟင်းထည့်တဲ့ပန်းကန်ထဲ ထည့်ထားပါ။

ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာရင် ညှပ်ထားတဲ့ အူချိုတွေကို ထည့်ကြော်လိုက်ပါ။ ကြော်တဲ့အခါမှာ ဆီပေါက်တဲ့အတွက်ကြောင့် ကျမကတော့ ခဏမွှေပြီး အဖုံးပိတ်လိုက်ပါတယ်။ မီးအနေတော်ထားရင် ၃ မိနစ်လောက်နေရင် တချက်ပြန်မွှေပေးပါတယ်။ အူချိုတွေ နီညိုရောင်သန်းလာရင် ခုနက ဟင်းအနှစ်တွေခပ်ထားတဲ့ ပန်းကန်ထဲထည့်ပြီး ထမင်းပူပူနဲ့ သုံးဆောင်လို့ရပါပြီ။
🍛🍛🍛

ကျေးဇူးတင်ပါတယ်ရှင်😊

မွန်မ လက်ရာ စားစရာ


No comments:

Post a Comment