ဝက်သားစိမ်းကောချက်


















ဒီနေ့တော့ ဝက်သားစိမ်းကောချက်စားကြရအောင်

ဝက်အသားချည်းပဲ ၁၀ သားကိုပါးပါးလေးလွှာပြီးလှီးထားပေးပါ။ လှီးထားတဲ့ ဝက်သားထဲကို ငပိနဲနဲ၊ မရမ်းပြား ၄/၅ ပြား (သံပုရာသီးနဲ့လဲရပါတယ်) ကြက်သားမှုန့် (knor) တို့နဲ့ရောနယ်ပြီးခဏနှပ်ထားပေးပါ။

ကြက်သွန်နီတစ်လုံး အကွင်းလိုက်ပါးပါးလှီးပါ။
ကြက်သွန်ဖြူ ၅ မွှာလောက်ကို အလယ်ခွဲပြီး နွှင်ထားပါ။
နံနံပင်/ ရှမ်းနံနံ ကိုလဲ အနေတော်အရွယ်လေးတွေ လှီးထားပါ။
ငရုတ်သီး အစိမ်းတောင့် ၃ တောင့်လောက်ကို ထက်ခြမ်း ခြမ်းထားပါ။

စချက်ပါမယ်။ ပထမဆုံး ဒယ်အိုးထဲကို ဆီနဲနဲ ထည့်ပြီး ဆီပူလာရင် အစပ်လိုချင်ပါက ငရုတ်သီးအစိမ်းမှုန့်အနည်းငယ် ဆီသတ်ပြီး နယ်ထားတဲ့ဝက်သားကိုထည့်ပြီးမွှေပေးပါ။ ရေခမ်းသွားရင် ဝက်သားကျက်သွားအောင် ရေနဲနဲထပ်ထည့်ပြီး ရေခန်းသွားအောင် ခဏလောက်ထပ်တည်ပေးပါ။

ရေခမ်းသွားရင် မီးပိတ်ပြီး ခုနက လှီးထားတဲ့ ကြက်သွန်နီ၊ ဖြူ၊ နံနံပင်၊ ငရုတ်သီး အစိမ်းတောင့် တို့ကိုရောပြီးမွှေလိုက်ပါ။

အရသာရှိတဲ့ ဝက်သားစိမ်းကောရပါပြီ။ (ဝက်သားအစား ကြက်သားကိုလဲ ဒီနည်းအတိုင်း လုပ်စားနိုင်ပါတယ်)


မွန်မ လက်ရာ စားစရာ

No comments:

Post a Comment