ပါဝင်တဲ့ပစ္စည်းတွေကတော့ -
ပဲကြာဇံ အထုပ်သေး ၁ ထုပ် (ရေစိမ်ပြီး ၃ မိနစ်လောက် ပြုတ်ပေးပါ)
အာလူး ၁ လုံး (ပြုတ်ပြီး အခွံနွှာ သေးသေးစိပ်ထားပါ)
ခရမ်းချည်သီး ၁ လုံး (အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ)
ပဲတီပင်ပေါက် အနည်းငယ် (ရေနွေး ဖျောထားပါ)
ပဲပြား ၁ တုံး (ကြော်ပြီး သေးသေးလှီးထားပါ)
ပုစွန် ၁၀ လုံးလောက် ကိုပြုတ်ပြီး အခွံနွှာထားပါ။
နံနံပင် အနဲငယ် လှီးထားပါ။
မြေပဲလှော် နဲနဲ၊ ပုစွန်ခြောက်နဲနဲ၊ ငရုတ်သီးအစိမ်းတောင့် ၂ တောင့်တို့ကိုရောထောင်းထားပ
အသုပ်သုပ်မဲ့ ဇလုံတခုထဲကို အကုန်လုံးရောနယ်ပြီး ငံပြာရည်၊ ဆီကျက်တို့နဲ့နယ်လိုက်ရင် အရသာရှိတဲ့ ကြာဇံလက်သုပ်ရပါပြီရှင်။
(မှတ်ချက်။ စားဖူးတဲ့ ထိုင်းစတိုင်ပဲကြာဇံသုပ် ပုံစံနဲ့ ကိုယ့်စတိုင် နဲ့ ရောထားတာ

မွန်မ လက်ရာ စားစရာ
No comments:
Post a Comment