သရက်သီး သင်္ကြန်ကြော်

အမတယောက်က မေးထားလို့ အရင်တုန်းကပုံလေးတင်ပေးလိုက်ပါတယ်။
သရက်သီးကို အစိမ်းနှစ်လုံးကို ခြစ်ထားပြီး အရည်ညှစ်ထုတ်ထားပါ။ ပုစွန်ခြောက် ငါးကျပ်သားလောက်ကို ထောင်းထားပါ။ (ငါးခြောက်နဲ့ဆို ငါးခြောက်ကို အရင်ပြုတ်ပြီးတော့ အသားတွေကို နွှင်ထားပါ) ကြက်သွန်နီ ငါးလုံးလောက်ကို လေးစိတ် စိတ်ပြီး အလွှာတွေခွာထားပါ။
သရက်သီးခြစ်ထဲကို ငါးပိ၊ ဆား၊ ကြက်သားမှုန့် အရင်ရောနယ်လိုက်ပါ။ ပြီးတော့မှ ထောင်းထားတဲ့ပုစွန်ခြောက်နဲ့ နယ်လိုက်ပါ။
စချက်ပါမယ်...ကြော်မဲ့ဒယ်အိုးထဲကို ဆီများများထဲ့ပေးပါ။ ဆီပူလာရင် ငရုတ်သီးခြောက် ငါးတောင့်ကို ကြော်ပြီး ဆယ်ထားပါ (ဒီပုံထဲမှာတော့ ငရုတ်သီးခြောက်မရှိလို့ ငရုတ်သီးအစိမ်းကို သုံးထားတာ)။ နောက် ကြက်သွန်နီ ကိုဆီသတ်ပါ။ ခဏလောက်မွှေပေးပြီး နယ်ထားတဲ့ သရက်သီကို ထည့်ကြော်ပေးပါ။ ခဏခဏတော့ အိုးမကပ်အောင်မွှေပေးရပါတယ်။ သရက်သီးတွေ ကျက်သွားအောင်အဖုံးတော့ ခဏအုပ်ထားလိုက်ပါ။ ငါးမိနစ်လောက်ကြော်ရင်ရပါပြီ။
ဒီသင်္ကြန်ကြော်ကို ရိုးရိုးထမင်းနဲ့ဖြစ်ဖြစ်၊ နွေရာသီ ဧပြီလာမှာဆို သင်္ကြန်ထမင်းနဲ့တွဲစားကြပါတယ်။ သင်္ကြန်ထမင်းကို ထမင်းချက်သလိုပဲ ရေများများနဲ့ချက်ပြီး ထမင်းလုံးတွေ ပြဲလာပြီဆို ရေစစ်ပြီး ရေနဲ့နှစ်ခါသုံးခါလောက်ဆေးချပေးရပါတယ်။ ပြီးတော့ ထမင်းကိုဇကာထဲထည့် ရေခဲတုံးပါအလည်မှာထဲ့ပြီး မွှေးရေနဲ့ စားကြပါတယ်။
မွန်မ လက်ရာ စားစရာ
No comments:
Post a Comment