တုပ်ကွေးအတွက်စပါးလင်






















တုပ်ကွေးအတွက်စပါးလင်
တုပ်ကွေးတွေထလာလို့ ဒီနေ့မနက်ဟင်းသီး
ဟင်းရွက်ဈေးဆိုင်မှာ စပါးလင်သွားဝယ်ပါတယ်။
ဟိုးအရင် ကြက်တုပ်ကွေးငှက်တုပ်ကွေးတွေ
ထတုန်းကလည်း တစ်အိမ်လုံးကို စပါလင်နဲ့ဘဲဥ
ကြော်ကျွေးခဲ့ဘူးပါတယ်။
သူများအိမ်တွေကွေးတယ်ပြောတဲ့အချိန်တိုင်းမှာအသံကြားတာနဲ့ဦးအောင်ကျွေးခဲ့လို့လားမသိဘူး..တစ်ယောက်မှမကွေးခဲ့ပါ။ ညွှန်ကြားချက်အတိုင်း အပြင်ထွက်ရင် လူကြပ်တဲ့နေရာသွားရင် နှာခေါင်းအုပ်တို့ လက်ကိုင်ပုဝါအုပ်တာတို့လည်းလုပ်ကြပေါ့..အမှားမရှိပါ။
စပါးလင်မှာတော့ထူးခြားတဲ့သတ္တိရှိတာအမှန်ပါ။ ဟင်းချက်ရင်စပါးလင်ထည့်ချက်ပါ။ တုပ်ကွေးကာကွယ်ဖို့ စပါးလင်နဲ့ ချက်တဲ့မုန့်ဟင်းခါးချက်စားကြပါ။
ဘဲဥကလည်းထူးခြားတယ်နော်။ဥတုပျက်လို့အဖျားအနာပေါရင် ကြက်ဥအစား ဘဲဥစားပါ။ဥတုဒဏ်ကာကွယ်တယ်။
စပါးလင်ကိုတကယ်ဒူပေဒါပေခံတဲ့ အိန္ဒိယ သားကုလားတွေသိပ်စားကြတယ်။အပင်စိုက်ထားကြတယ်။ စပါးလင်ရုံရှိရင်ပိုးကောင်၊အဆိပ်ရှိတဲ့အကောင်မလာဘူးပြောကြတယ်။
ငှက်ဖျားအချိန်မှန်တက်တာကို စပါးလင်အမြစ်ကိုထောင်းအရည်ညှစ် ကြေးဇွန်းနဲ့၃ဇွန်းတစ်နေ့၃ကြိမ်တိုက်ပေးရင်အဖျားပြတ်တယ်ပြောပါတယ်။
အခုလောလောဆယ်တော့ တုပ်ကွေးမဖြစ်အောင်ကာကွယ်ဖို့ ဆေးနည်းတိုမေးရင် စပါးလင်ကိုကပ်ကြေးနဲ့ပါးပါးကိုက် ဘဲဥနဲ့ကြော်စားပါလို့ပြောပါတယ်။
ယုံကြည်သူများစားကြပါ။ အပမ်းလည်းမကြီးပါ။ ဆေးနည်းတိုဆိုတာတော့ဆရာဝန်နဲ့ဝေးတဲ့သူတွေသုံးဖို့ပါ။
ကြည်လွင်မြင့်(မုဒြာ)


No comments:

Post a Comment