Railroad Tigers (2016) - IMDb (မြန်မာစာတန်းထိုး)




ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ

Railroad Tigers (2016) - IMDb (မြန်မာစာတန်းထိုး)

ဂျက်ကီရဲ့စတိုင် ဟာသအက်ရှင် ပြန်လာပါပြီ။ ဇာတ်လမ်းအကျဉ်းမှာတော့ မာယွမ်(ဂျက်ကီချန်း) တို့ဟာ ဂျပန်လက်အောက်မှာနေနေရတဲ့ သံလမ်းဘေးက အလုပ်သမား တောသားတွေပါ။ သူတို့ဟာ တိတ်တဆိတ်တတ်နိုင်သလောက် ဂျပန်တွေကို ဒုက္ခပေးနေပေမယ့် ဘယ်သူမှ အထင်တကြီးမရှိလှပါဘူး။ တောသားငတုံးတွေဆိုပြီး ဂျပန်တွေက အာရုံမထားသလို တရုတ်တော်လှန်ရေးတပ်သားတွေကလည်း အရေးတယူမရှိပါဘူး။ တစ်နေ့မှာတော့ ဂျပန်တွေ စီးနင်းထားတဲ့ တံတားတစ်ခုကို ဖောက်ခွဲဖို့ကြိုးစားရင်း တရုတ်တစ်တပ်လုံးကျသွားချိန်မှာ လွတ်လာတဲ့ တပ်သားတယောက်ကို မာယွမ်တို့ ကယ်မိပါတယ်။ အဲဒီ စစ်သားကို ဘာလို့တံတားကို ဖောက်ခွဲရလဲမေးပေမယ့် မင်းတို့နားမလည်ပါဘူးလေဆိုပြီး ရှင်းမပြခဲ့တော့ပါဘူး။ (တစ်ကယ်တော့ အဲဒီတံတားဟာ ၁၉၄၂ ကာလမှာ တိုင်ကျင်းကနေ နန်ကျင်းကိုသွားတဲ့ အဓိက စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပြီး ဖျက်ဆီးနိုင်ခဲ့ရင် ဂျပန်တွေရဲ့တိုက်ခိုက်နိုင်စွမ်းအတော်ကို ကျဆင်းသွားမှာ ဖြစ်လို့ တရုတ်တပ်တွေက ဖောက်ခွဲဖို့ကြိုးစားခဲ့တာပါပဲ) အဲဒီမှာပဲ ဘာမှနားမလည်တဲ့ တောသားတစ်စု ဘာလို့ဖောက်ခွဲရမလဲ နားမလည်ပေမယ့် တရုတ်တပ်ကဖောက်ခွဲဖို့လိုတယ်ပြောရင်ဖောက်တာပေါ့ဆိုပြီး မိုင်းခွဲနည်းလိုက်မေး မိုင်းတွေခိုးဖို့ကြိုးစားရင်း သူတို့တတ်နိုင်တဲ့နေရာကနေ အသက်စွန့်ပြီးကူညီကြတဲ့အခါ…. Credit. by channelmyanmar


ဇာတ်ကားကြည့်ရန်နှိပ်ပါ




No comments:

Post a Comment