Mr.Vampire 5 :Magic Cop (1990) မြန်မာစာတန်းထိုး



ဇာတ်ညွှန်းဖတ်ရန်နှိပ်ပါ


Mr.Vampire 5 :Magic Cop (1990) မြန်မာစာတန်းထိုး

ခုန်ဆွသရဲကားတွေကြည့်ဖူးတဲ့ မိတ်ဆွေတို့ အဖို့ Lam Ching Ying ကို တရုတ်သရဲမှော်ဆရာကြီးအဖြစ် အသိများကြပါတယ်.။ ဒီဇာတ်ကားဟာတော့ သူ့ကို နာမည်ကျော်ကြား အာရှတစ်လွှားမှာလူသိများစေခဲ့တဲ့ Mr.Vampire 1 2 3 4 အပြီးမှာ ထပ်မံရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားပါ.။ imdb rating 7.1 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်.။ ဇာတ်လမ်းကတော့ .... ဦးလေးဖန်း(lam Ching Ying) ဟာ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ မှော်အတတ်ပညာကိုလေ့လာနေတဲ့ နတ်ဆရာတစ်ယောက်ပါ..။ သူက ရှေးရိုးစွဲတယ်လို့လူတွေကထင်တယ် သူမှန်တယ်ထင်ရာဇွတ်လုပ်တတ်တယ် အမှုလိုက်ရင်လဲ သူမှန်တယ်ထင်ရာလုပ်ပစ်တာ အဲ့ဒါတွေကြောင့်ရာထူးမတိုးပဲ သာမန်ရဲဝန်ထမ်းဘ၀နဲ့ နှစ်ပေါင်းကြာရှည်နေနေရသူပါ.။ တစ်ရက်မှာတော့ အိမ်နီးချင်းဖြစ်တဲ့ အဖွားအိုရဲ့ မြေးရက်စက်စွာ အသတ်ခံရမှု့ ဖြစ်ပွားပြီး လူသတ်သမားဟာ ဘယ်လိုမှ ခြေရာခံမရအောင်ပျောက်ဆုံးနေခဲ့ပါတယ်.။ ဖန်းဟာ အလောင်းကို စစ်ဆေးကြည့်ရှု့တဲ့အခါမှာတော့ အဖွားကြီးသမီးသေဆုံးရမှု့ဟာ အသက်ဝင်နေတဲ့ ဖုတ်ကောင်တွေနဲ့ ပက်သက်တယ်ဆိုတာကို စတင်သိရှိလိုက်ရပါတယ်. ။ ဖုတ်သွင်းအတတ်ဟာ နှစ်ပေါင်းများစွာကြာအောင် ပျောက်ကွယ်တိမ်မြုပ်နေတဲ့ ပညာရပ်တစ်ခုဖြစ်ပြီး အခုခေတ်မှာ ပြန်လည်ပေါ်ထွန်းလာတဲ့အခါမှာတော့ အောက်လမ်းဂျပန်မှော်ပညာရှင်တစ်ဦးဟာ လွှဲမှားစွာ အသုံးချနေပြီဖြစ်ပါတယ်.။ လူတွေကို ထပ်ပြီး ဖုတ်ဝင်အလောင်းတွေနဲ့ တိုက်ခိုက်မှု့တွေဖြစ်ပွားလာပြီး ရက်စက်စွာ တရားခံရှာမတွေ့ပဲ အသတ်ဖြတ်ခံရမှု့များဟာ အောက်လမ်းမှော်ပညာနဲ့ ပက်သက်နေတာသိတဲ့အခါမှာတော့ ဒီအရာကို တားနိုင်သူဟာ ဦးလေးဖန်းတစ်ယောက်သာရှိပါတော့တယ်.။ Translated by Koharu Yuki Encoded by Sai Ko Quality...........hdrip


ဇာတ်ကားကြည့်ရန်နှိပ်ပါ




No comments:

Post a Comment