ကြက်သား ပဲရည်သုပ်



ကြက်သား ပဲရည်သုပ်

ပါဝင်ပစ္စည်း
ကြက်သား
အသဲအမြစ်
မွှေးပဲ အစိမ်းမုန့်
ကြက်ဥ
ဆား
အချိုမူန့်
ဆနွင်း
ရေ
ဂေါ်ဖီ
ကြက်သွန်နီ
ရှောက်ရွက်
ငရုပ်သီးစိမ်း
ငရုပ်သီးအမုန့်
သံပုရာသီး
ငံပြာရည်
ဟင်းခတ်မုန့်

ပြုလုပ်နည်း
မွှေးပဲ အစိမ်းမုန့် တထုပ်ကို ဆား ၊ အချိုမူန့် ၊ ဆနွင်း နည်းနည်း ထည့်ပြီး ရေဖျော်ထားပါ ။
ကြက်သားကို ရေဆေး သန့်စင်ပြီး ဆား ၊ ဆနွင်း နယ်ပီး ရေနဲ့ပြုတ် နူးလာရင် ဆယ်ထားပါ ။
ကြက်ပြုတ်ရည် ထဲကို ရေဖျော် ထားတဲ့ ပဲရည်တွေ ထည့်ပီး ကျိုပါ ။ မပြတ်မွှေပေးပါ ။ ပဲအစိမ်းနံ့ ပျောက်ပြီး မွှေးလာရင် ခေါက်ထားတဲ့ ကြက်ဥ တလုံး အမျှင်စွဲရ်ျ ထည့်ပါ ။ ဆူပွက်လာရင် ရပါပြီ ။
ကြက်သား နှင့် အသဲအမြစ် ကို အနေတော် လှီးရ်ျ ပဲရည် ဆမ်းပြီး ဂေါ်ဖီ ၊ ကြက်သွန်နီ ၊ ရှောက်ရွက် ၊ ငရုပ်သီးစိမ်း ၊ ငရုပ်သီးအမုန့်ရော ထည့်ပြီး ၊ သံပုရာညှစ် ၊ ငံပြာရည် ၊ ဟင်းခတ်မုန့် ထည့်ပြီး ချဉ်စပ် သုပ်စားပါ ။

Credit: War War Khin Hlaing


No comments:

Post a Comment