အဆီကျိတ်( lipomas)ကို သဘာဝဆေးဝါးတွေနဲ့ ကုကြမယ်
















































ဒါကတော့ အဆီကျိတ်( lipomas)ကို သဘာဝဆေးဝါးတွေနဲ့ဘယ်လိုကုကြမလဲပေါ့နော်…သူ့ကို ( fatty tumors )ဟူ၍လည်း ခေါ်ဆိုပါတယ်။
ဒီရောဂါနဲ့ပတ်သက်ပြီး လူတော်တော်များများက စာပို့ပြီးမေးထားကြပါတယ်။
ဒီရောဂါဟာ လူသားတို့၏အရေပြားပေါ်၌ ဖြစ်တတ်ကြသလို တိရိစ္ဆာန် သတ္တဝါတွေများလည်း ဖြစ်တတ်ပါတယ်။
သဘာဝဆေးနည်းအရ ကုသမယ်ဆိုရင်
ထိ​ရောက်မှုရှိပြီး လက်တွေ့ပျောက်ကင်းစေမည့် ဆေးနည်းအချို့ကို ဖော်ပြပေးချင်ပါတယ်။
Natural Oil and Herb Ointment(သဘာဝ လိမ်းဆေးဆီ)
တမာဆီ(Neem oil) သွေးကိုတိတ်စေပြီး အရေပြားနဲ့ ပတ်သက်ပြီး များစွာ အထောက်အကူပြုပါတယ်။
နှမ်းကြတ်ဆီ(Flaxseed oil )ဟာ omega-3 and omega-6 များစွာကြွယ်ဝခြင်းကြောင့် အသားရေဖူးယောင်ခြင်းကို ကာကွယ်ပေးပါတယ်။
လဘ္ဘက်ရည်အေး(Cooled green tea )ဟာ သွေးချိုကိုလျော့ကျစေပြီး အကြောအမျှင်ထဲက အဆီတွေကို ကောင်းစွာဖယ်ရှားပေးနိုင်ပါတယ်။
Honey and Flour(ပျားရည် နဲ့ ဂျုံမှုန့်)
Mix some raw honey with some flour
သဘာဝပျားရည်စစ်စစ် နဲ့ ဂျုံမှုန့်အနည်းငယ်ဖြင့် ရောစပ်ပြီး မိမိရဲ့အဆီကျိတ်အဖုပေါ်ကို ခပ်ထူထူလေး အုံပေးထားပါ။
နောက်တနည်းက နနွင်းမှုန့်(ဆနွင်းမှုန့်)လဘ္ဘက်စားဇွန်းနဲ့ တစ်ဇွန်း
သံလွင်ဆီ(olive oil) (၂)ဇွန်း
ပျားဖယောင်း(beeswax)အနည်းငယ်
ငှက်စာပင်ရွက်အမှုန့်(chickweed powder)တစ်ဇွန်း
အားလုံးကို ရောစပ်ပြီး မီးဖိုပေါ်မှာ ပျစ်တွဲ ပျစ်ခဲလာသည့်အထိ ကျိုချက်ပြီး အအေးခံ၍ ၄င်းအနှစ်ကို အဆီကျိတ်ပေါ်သို့ ဖိပြီး အုံပေးထားပါက ပျောက်ကင်းသက်သာစေပါတယ်။

မေတ္တာများစွာဖြင့်​............
Chaw Lay Su..........  
ဟာကြူလီမြန်​မာ့တိုင်းရင်း​ဆေး

No comments:

Post a Comment