အမာရွတ်တွေပျောက်ကင်းစေဖို့ သဘာဝနည်းလမ်းကောင်းများ






















အမာရွတ်တွေပျောက်ကင်းစေဖို့ သဘာဝနည်းလမ်းကောင်းများ
၁။ ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ပင်ရဲ့ အစေးကို အမာရွတ်ပေါ်မှာ သုတ်လိမ်းပေးပါ။ အမာရွတ် အတွက် အကောင်းဆုံးဆေးနည်းတစ်လက်ဖြစ်ပါတယ်။
၂။ အုန်းဆီ
ဆောင်းရာသီမှာ အသားအရေရဲ့အစိုဓာတ်ကို ထိန်းသိမ်းပေးသလို အမာရွတ်တွေ အ တွက် အကောင်းဆုံးဆေးကလည်း အုန်းဆီဖြစ်ပါတယ်။ အုန်းဆီအနည်းငယ်ကို အမာရွတ် ပေါ်မှာလိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ အချိန်တိုလေးအတွင်းမှာပဲ အမာရွတ်တွေ သိ သိသာသာပါးလျပြီး အသားအရေ ဝင်းလက်တောက်ပလာမှာဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၃။ သံလွင်ဆီ
သံလွင်ဆီဟာ အုန်းဆီထက် ဗီတာမင် E ပါဝင်မှုပိုများတဲ့အတွက် အမာရွတ်အတွက် သာမက အသားအရေဆိုင်ရာ ကောင်းကျိုးတွေကိုလည်း ရရှိစေပါတယ်။
၎။ ပျားရည်နဲ့ ရှောက်သီး
ဒီနှစ်မျိုးကို ရောစပ်ပြီး အရေပြားပေါ်မှာ လိမ်းပါ။ အသာအယာနှိပ်နယ်ပေးပြီး ၁ဝ မိနစ် မှ ၁၅ မိနစ်ကြာရင် ရေဆေးချလိုက်ပါ။ ဒါကတော့ အမာရွတ်တွေကို ဖယ်ရှားပေးရုံသာမက အ သားအရေကိုလည်း ဝင်းလက်တောက်ပစေပါတယ်။

ဆေးမြီးတိုများနှင့်ကျန်းမာရေးဗဟုသုတများ


No comments:

Post a Comment