ဆေးဖက်ဝင် ပေါက်ပန်းဖြူ ,-နီ
~~~~~~~~~~~~~~~~~~~
((၂မျိုးလုံး ဆေး အသုံးဝင်ပါတယ် ခင်ဗျာ))
မြန်မာနိုင်ငံရဲ့ နေရာဒေသအနှံ့အပြားမှာ တွေ့ရှိရပြီးတော့
ပြုတ်စား၊ သုပ်စား၊ ဟင်းချိုချက်သောက်၊ ဟင်းချက်စား
စသဖြင့် ပုံစံအမျိုးမျိုးနဲ့ စားသုံးလေ့ရှိတဲ့ ပေါက်ပန်းဖြူပင်ရဲ့ ဆေးဖက်အသုံးလေးတွေပြောပြချင
(၁) ဆီးနီခြင်း၊ ဆီးနည်းခြင်း တွေဖြစ်ရင် ပေါက်ပန်းဖြူရွက်ကို
ဟင်းချက်စား၊ အပွင့်ကို ကြော်ချက်စားလို့ရှိရင်
သက်သာပါတယ်။
(၂) အပူလောင်နာတွေဖြစ်ရင်တော့ ပေါက်ပန်းဖြူအရွက်ကို ညှစ်လို့ရတဲ့အရည် လိမ်းပေးပါ။
(၃) အမျိုးသမီးတွေမီးယပ်ဖြူဆင်း
သွေးကျ ဖြစ်ရင် ပေါက်ပန်းဖြူ ပွင့်ကို သုပ်စားဖို့နဲ့
အပွင့်ပြုတ်ရည်ကို သောက်ပေးဖို့ မမေ့ပါနဲ့။
(၄) ကျောမှာပေါက်တဲ့ အနာ့ပဆုပ်တွေကို ပေါက်ပန်းဖြူ ကို
ထုထောင်းပြီး အုံပေးရင် သက်သာလာပါလိမ့်မယ်။
(၅) ထိခိုက်ဒဏ်ရာတွေ ရခဲ့လို့ရှိရင်ပေါက်ပန်းဖြူ
သောက်လိုက်ရင် အနာမန်းဝင်ခြင်း တွေကနေ
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
(၆) မျက်စေ့မှုန်ခြင်း၊ ၀ါးခြင်းတွေအတွက် အပွင့်ကိုဆေးပြီး အရည်ညှစ်ကာမျက်စဉ်းခတ်ပေး ရင်
သက်သာလာပါလိမ့်မယ်။
(၇) ကွမ်းစားတတ်သူတွေနဲ့ ကျောက်တည်တဲ့
လူနာတွေအတွက် ပေါက်ပန်းဖြူကို မကြာမကြာ
ပြုတ်တို့ပြီး စားပေးရင် ရောဂါသက်သာစေမှာပါ။
(၈) ၀က်ရူးပြန်တတ်လို့ရှိရင် ပေါက်ပန်းဖြူရွက်
ညှစ်လို့ရတဲ့အရည်ကို ငရုတ်ကောင်းနဲ့ရောပြီး
မကြာမကြာ ရှူပေးရင် သက်သာစေပါတယ်။
(၉) တုတ်ကွေးဖျားနဲ့ ရိုးရိုးအဖျားတွေအတွက်
ကြက်သွန်နီနိုင်းချင်းနဲ့ ပေါက်ပန်းဖြူကို ကြော်စား ပေးပါခင်ဗျ။
(၁၀) အရိုးကျီးပေါင်းတက်တာတွေ ကြက်မျက် သင့်
တာတွေကတော့ ပေါက်ပန်းဖြူပွင့်ကိုသုပ်စာ
ဝေဒနာတွေ သက်သာလာစေမှာပါ။
(၁၁) ခေါင်းတစ်ခြမ်းကိုက်ခဲ့ရင် အဲဒီဖက် နှာခေါင်း ကို
ပိတ်ပြီးတော့ အခြားတစ်ဖက်ရဲ့ နှာခေါင်းနဲ့ အရွက်ညှစ်လို့
ရတဲ့အရည်ကို ရှူပေးရင်သက်သာ စေပါတယ်။
တိုင်းရင်းဆေးအစွမ်းဖြင့် လူတိုင်းကျန်းမာကြပါစေ။
ခိုင်ဘုန်းမြတ်
(တိုင်းရင်းဆေးတက္ကသိုလ်)
No comments:
Post a Comment